ကိုယ်ပိုင်ခြံနဲ့ အိမ်ကို လိုချင်တယ်ဆိုရင် မြေဝယ်ပြီး ကိုယ့်စိတ်ကြိုက်အိမ်ဆောက်တာက အကောင်းဆုံးပါပဲ။ ဒီနည်းလမ်းကနေ ဘယ်လို အကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာ ကြည့်ရအောင်။ အကယ်၍ အချိန်ကုန်သက်သာချင်ပြီး မြို့ပြရဲ့ အချက်အချာကျတဲ့နေရာတွေမှာ နေချင်တယ်ဆိုရင် တိုက်ခန်းဝယ်တာကတော့ ပိုပြီး လက်တွေ့ကျပါတယ်။
မြေဝယ်ပြီး အိမ်ဆောက်တဲ့အခါ…
* ကုန်ကျစရိတ်နဲ့ အချိန်သေချာပေးရမှာဖြစ်ပြီး မြေဝယ်ရမယ်၊ အိမ်ဆောက်ပစ္စည်း၊ ကန်ထရိုက်စတာတွေအတွက် ကုန်ကျစရိတ်က တိုက်ခန်းဝယ်တာထက် ပိုများနိုင်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းစဉ်ကလည်း အချိန်ကြာမြင့်နိုင်ပြီး ဆောက်လုပ်နေဆဲမှာ မမျှော်လင့်တဲ့ ကုန်ကျစရိတ်တွေ ထပ်ပေါ်လာနိုင်ပါတယ်။
* ပြုပြင်ထိန်းသိမ်းမှုလုပ်တဲ့အခါမှာလည်း အိမ်ခြံဝင်းတစ်ခုလုံးကို ကိုယ်တိုင်ဂရုစိုက်ရတာဖြစ်တဲ့အတွက် ပြုပြင်ထိန်းသိမ်းမှုစရိတ်နဲ့ အလုပ်က ပိုများနိုင်ပါတယ်။
* ဒါပေမယ့် ပိုင်ဆိုင်မှု လုံးဝ ခိုင်မာတဲ့အချက်ကိုတော့ ငြင်းလို့မရပါဘူး။
တိုက်ခန်းဝယ်တဲ့အခါ…
* ပိုင်ဆိုင်မှု အကန့်အသတ်ရှိတတ်ပြီးတော့ တိုက်ခန်းဝယ်တယ်ဆိုကတည်းကအဆောက်အဦတစ်ခုလုံးရဲ့ အစိတ်အပိုင်းတစ်ခုကို ပိုင်ဆိုင်တာဖြစ်လို့ကိုယ်ပိုင်နေရာကန့်သတ်ချက်ရှိပြီး ကိုယ့်စိတ်ကြိုက် ပြန်လည်ပြုပြင်ဖို့အတွက် ခက်ခဲနိုင်ပါတယ်။
* နောက်တစ်ချက်ကတော့ နေထိုင်ရတဲ့အခါမှာ Privacy သိပ်မရှိသလို အခြား အိမ်နီးချင်းတွေနဲ့ ကပ်လျက်နေရတာဖြစ်တဲ့အတွက် လွတ်လပ်မှုနဲ့ ကိုယ်ပိုင် Space သိပ်မရှိလို့ ထင်မှတ်ရပါတယ်။
* နောက်ထပ် တစ်ချက်ကတော့ တိုက်ခန်းတန်ဖိုးက အိမ်ခြံနဲ့မြေလောက် ရေရှည်မှာ တန်ဖိုးတက်နှုန်းမကောင်းနိုင်တာတော့ ရှိပါတယ်။
ဒါ့ကြောင့် နိဂုံးချုပ်ရရင် –
မြေဝယ်ပြီး အိမ်ဆောက်လိုက်တာက ငွေကုန်ကြေးကျ ပိုများနိုင်ပေမယ့် စိတ်ကြိုက်အိမ်ပုံစံ ဆောက်လုပ်ပြီး Privacy ရှိရှိ လွတ်လပ်စွာနေထိုင်လိုတယ်၊ ရေရှည်မှာ ရင်းနှီးမြှုပ်နှံလိုတယ်ဆိုရင်တော့ ကောင်းတဲ့ ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။
ပြင်ဆင်ပြီးသား အသင့်နေ တိုက်ခန်း ဝယ်ယူလိုက်တာက အိမ်ဆောက်ဖို့ အချိန်မပေးနိုင်ဘဲ မြို့ထဲမှာ နေထိုင်လိုသူတွေရယ် အိမ်အတွက်သုံးမယ့် ဘက်ဂျက်အကန့်အသတ်ရှိသူတွေအတွက် သင့်တော်တဲ့ ရွေးချယ်မှုဖြစ်ပါလိမ့်မယ်။
“ယုံကြည်စိတ်ချ သံလွင်အိမ်ခြံမြေနဲ့မှ”
—————-
09 400225588
09 448546088
09 770708861
ရုံးခန်းလိပ်စာ
အမှတ်(၄၂၈၇) မဉ္ဇူသကလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့။
Join The Discussion