ဒီအချက်တွေ သိထားရင် တိုက်ခန်းဝယ်တဲ့အခါ မမှားတော့ဘူးပေါ့

ရင်းနှီးမြှုပ်နှံမှု( တနည်းအားဖြင့် ငွေပွားဖို့)ပဲ ဖြစ်ဖြစ်၊ ကိုယ်တိုင် မိသားစုနဲ့အတူ နေထိုင်ဖို့ပဲ ဖြစ်ဖြစ် တိုက်ခန်းဝယ်ယူခြင်းဟာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်လို့ သေချာပြင်ဆင်ထားဖို့ လိုပါတယ်။ ဒီကာလမှာ တိုက်ခန်း ဝယ်ယူဖို့ ပြင်နေသူတွေအတွက် အထောက်အကူ ဖြစ်စေဖို့အတွက် သံလွင်အိမ်ခြံမြေ ကနေ တိုက်ခန်းမဝယ်ယူခင်မှာ သတိထားရမယ့်အချက်တွေကို အတိုချုပ် ဖော်ပြပေးလိုက်ပါတယ်။
၁။ ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေ သေချာစစ်ဆေးပါ
ဂရန်/ဘိုးဘွားပိုင်မြေ၊အစိုးရပိုင်မြေ စသည်ဖြင့် မြေပိုင်ဆိုင်မှုရဲ့ မူရင်းစာရွက်စာတမ်းနဲ့ မှန်ကန်ကြောင်း အတည်ပြုချက် ရှိမရှိ စစ်ပါ။
(က)ဆောက်လုပ်ခွင့် ပါမစ်
တိုက်ခန်းဆောက်လုပ်ဖို့ တရားဝင်ပါမစ်ရှိမရှိ စစ်ဆေးပါ။
(ခ)မြေရှင်-တည်ဆောက်သူ စာချုပ်
မြေရှင်နဲ့ developer ကြား ချုပ်ဆိုထားတဲ့ ဂျွိုင်းဗန်ချာစာချုပ်ကို ကြည့်ရှုပါ။
(ဂ)အခန်းပိုင်ဆိုင်မှု စာချုပ်
ဝယ်ယူမယ့် အခန်းရဲ့ ပိုင်ဆိုင်မှုစာချုပ် အမည်ပေါက် မှန်ကန်မှုနဲ့ အသေးစိတ်အချက်အလက်များကို စစ်ဆေးပါ။
(ဃ)အခွန်အခများ
ပေးဆောင်ပြီးသား အခွန်ပြေစာများနဲ့ ပေးရန်ကျန်ရှိတာတွေ ရှိမရှိ စစ်ဆေးပါ။
(င)မြေစာရင်း/မှတ်ပုံတင်ရုံး စစ်ဆေးခြင်း
သက်ဆိုင်ရာဌာနတွေမှာ မှတ်တမ်းများ မှန်ကန်မှုရှိမရှိ ထပ်မံစစ်ဆေးပါ။
(စ) လူနေထိုင်ခွင့် BCC
လူနေထိုင်ခွင့် BCC ကျပြီးသားလား၊ လျှောက်ထားဆဲလားကိုလည်း အတည်ပြုဖို့ လိုအပ်ပါတယ်။
၂။ တည်နေရာနှင့် ပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားပါ
(က)သွားလာရေးလွယ်ကူမှု
နေ့စဉ်သွားလာရေး အဆင်ပြေမပြေ ကြည့်ပါ။ ရန်ကုန်လို နေရာမျိုးမှာဆိုရင် ဘတ်စ်ကားဂိတ်နဲ့ နီးမနီး၊ကားပါကင် အဆင်ပြေမပြေ နဲ့ လမ်းအကျဉ်းအကျယ်ကိုပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်။
(ခ)အခြေခံအဆောက်အအုံများ
ရေ၊ မီး၊ လျှပ်စစ်၊ မိလ္လာစနစ် ကောင်းမွန်မှုရှိမရှိ စစ်ဆေးပါ။
(ဂ)လုံခြုံရေးနှင့် သန့်ရှင်းမှု
ရပ်ကွက်ရဲ့ လုံခြုံရေးနဲ့ ပတ်ဝန်းကျင် သန့်ရှင်းမှုအခြေအနေကို လေ့လာပါ။
၃။ တိုက်ခန်းအခြေအနေနှင့် အဆောက်အအုံကို စစ်ဆေးပါ
အဆောက်အအုံ ခိုင်ခံ့မှု: တိုက်ခန်းရဲ့ သက်တမ်းနဲ့ ခိုင်ခံ့မှုကို ကြည့်ပါ။ လိုအပ်ရင် အင်ဂျင်နီယာနဲ့ စစ်ဆေးပါ။
(က)အတွင်းပိုင်း ပြုပြင်ထိန်းသိမ်းမှု
အခန်းတွင်း ပျက်စီးနေတာတွေ၊ ပြုပြင်ရမယ့်အရာတွေ ရှိမရှိ သေချာစစ်ဆေးပါ။
(ခ)ဓာတ်လှေကား/မီးသတ်စနစ်
အဆောက်အအုံရဲ့ ဝန်ဆောင်မှုစနစ်တွေ ပြည့်စုံမှုရှိမရှိ ကြည့်ပါ။
(ဂ)စီမံခန့်ခွဲမှု
တိုက်ခန်းစီမံခန့်ခွဲမှုအဖွဲ့ရဲ့ စည်းကမ်းတွေ၊ ဝန်ဆောင်မှုစရိတ်တွေကို မေးမြန်းပါ။
၄။ ဘဏ္ဍာရေး အစီအစဉ်
(က)ဘတ်ဂျက်
တိုက်ခန်းတန်ဖိုးအပြင် အခွန်၊ မှတ်ပုံတင်ကြေး၊ ရှေ့နေခ စတဲ့ ကုန်ကျစရိတ်အားလုံးကို ထည့်သွင်းတွက်ချက်ပါ။
(ခ)ငွေပေးချေမှု
အရစ်ကျနဲ့ ဝယ်ယူတဲ့အခါ ငွေပေးချေမှု အစီအစဉ်ကို ရှင်းရှင်းလင်းလင်း သိရှိထားဖို့ လိုအပ်ပါတယ်။
၅။ ဥပဒေရေးရာ အကြံဉာဏ်ရယူပါ
တိုက်ခန်းမဝယ်မီ အတွေ့အကြုံရှိ ရှေ့နေ တစ်ဦးနဲ့ တိုင်ပင်ပြီး စာရွက်စာတမ်းအားလုံးကို သေချာစစ်ဆေးခိုင်းဖို့ အထူးအကြံပြုပါတယ်။
ရောင်းမှား၊ဝယ်မှားမဖြစ်စေဖို့အတွက် အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ အကြံအဉာဏ်တွေကို သံလွင်အိမ်ခြံမြေမှာ ရယူလိုက်ပါ။
.
“ပျော်ရွှင်စရာနေထိုင်မှုဘဝ သံလွင်နဲ့ချိတ်ဆက်မှ”
.
သံလွင်အိမ်ခြံမြေ
09 400225588
09 448546088
09 770708861
.
ရုံးခန်းလိပ်စာ
အမှတ်(၄၂၈၇) မဉ္ဇူသကလမ်း၊
ရွှေအင်ကြင်းရပ်ကွက် ၊ဒက္ခိဏသီရိမြို့။

Join The Discussion